ပေါက်တောမြို့တွင်ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ပေါက်တော  အောက်တိုဘာ ၁၁

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ပေါက်တောမြို့တွင် ယနေ့နံနက်ပိုင်းတွင် ဆက်လက် ရောင်းချ ပေးလျက်ရှိကြသည်။

ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးဆောင်၍ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀ ကျပ်နှုန်း နှင့်အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ယနေ့တွင် ပေါက်တောမြို့ရှိပြည်သူများအား စားအုံးဆီ ၅၅၀ ပိဿာကို သက်သာသောဈေးနှုန်ဖြင့် ရောင်းချပေးခဲ့သည်။

ပေါက်တောမြို့ရှိပြည်သူများအားစားအုံးများဆီကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက ယခုလအတွင်း စားအုံးဆီပိဿာ ၂၇၅၀ ပိဿာကို ရောင်းချပေးရန်လျာထားပြီး၊ ယနေ့အထိ စားအုံးဆီ ၂၂၀၀ ပိဿာကို ရောင်းချပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)