ကျောက်ဆည် အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လမ်းများပြုပြင်ခြင်း၊ အသစ်တည်ဆောက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ဆောက်လုပ်ရေးကုမ္ပဏီငှားရမ်း၍လည်း လမ်းများကောင်းမွန်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရွှေရတီကြယ် ဆောက်လုပ်ရေး ကုမ္ပဏီမှ မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတွင် ကတ္တရာထပ်ပိုးလွှာများ ခင်းပေးလျက်ရှိကြောင်း သိရသည်။
ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်(၈၀.၀၀၀)သန်းဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ (၅၆)ကီလိုမီတာနှင့် (၅၇.၆)ကီလိုမီတာအတွင်း လမ်းအရှည် (၁) ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာအား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်အတွက် ကတ္တရာ ထပ်ပိုးလွှာ ခင်းပေးခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများသတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးရေး မြို့နယ်လမ်းဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။
ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းအား အသုံးပြုလျက်ရှိသော ဒေသခံပြည်သူများနှင့် လမ်းအသုံးပြုသူပြည်သူများအတွက် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်းသယ်ယူနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)