ကျိုင်းတုံ အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများအဖွဲ့သို့ မတည်ရန်ပုံငွေနှင့် ရဲမှုထမ်းဟောင်းများအား အခြေခံစားကုန်များ ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီက ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်းက အမှာစကား ပြောကြားပြီး ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းများ အဖွဲ့အား ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ မတည်ရန်ပုံငွေကျပ် သိန်း ၃၀နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ မတည်ရန်ပုံငွေကျပ် ၁၅ သိန်း၊ စုစုပေါင်း ငွေကျပ် ၄၅ သိန်း ထောက်ပံ့ပေးသည်။
ထို့နောက် ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး အေးသိန်းနှင့် တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်း ၂၆ ဦးအား အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်နီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ပြီး ကျိုင်းတုံမြို့နယ် ရဲမှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယရဲမှူးကြီး(အငြိမ်းစား) ဦးမောင်မောင်သွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)