ကျောက်တော်မြို့နယ် ညောင်ပင်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်

ကျောက်တော်   အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်တွင်းအခွန်များဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော လူငယ်အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ညောင်ပင်လှကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခန်းမအတွင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တော်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက လူငယ်တွေ စာရိတ္တကောင်းဖို့လိုအပ်ကြောင်း၊ မကောင်းသော ပတ်ဝန်းကျင်၊ အပေါင်းအသင်းမှားများကြောင့် လူငယ်များ၏ စာရိတ္တပျက်စီးရခြင်းဖြစ်ပါ ကြောင်း၊ လူငယ်များအနေနှင့် အတွေးအခေါ်၊ အယူအဆမှန်ကန်စေ‌ရန် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများကို လေ့လာဖတ်ရှုကြရန်လိုအပ်ပါကြောင်း စသည့် အကြောင်းအရာများအား ဆွေးနွေး‌ ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချမ်း‌မြေ့လှိုင်ကပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံလျက်ရှိသော ဝင်‌ငွေခွန်၊ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ အထူးကုန်စည်ခွန်နှင့်ရတနာခွန်စသည့် အခွန်အမျိုးအစား (၆)မျိုးနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း