ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က(၂၇)ကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၇၀) ကတ် ပေးအပ်ပွဲကျင်းပ

ပြည်ကြီးတံခွန် အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက် အမှတ် (၂၇) အခြေခံပညာ အထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်(၂)ဖြင့် အ-ထ-က၊ အ-ထ-က(ခွဲ)ကျောင်း(၉)ကျောင်းအား ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား(၁၅၇၀)ကတ် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ အောင်တံခွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ သံယံဇာတရေးရာဝန်ကြီး ဦးရွှေစင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်ဦးစိန်လွင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ ဥပဒေချုပ် ဦးမြင့်အောင်၊ မဟာအောင်မြေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်းအင်အား (၆၃၀)ဦး တက်ရောက်ခဲ့ပြီး ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့်ဧည့်ခံဖျော်ဖြေကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့က ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ရာ တာဝန်ခံမြို့နယ်ပညာ ရေးမှူးဒေါက်တာ အောင်သက်ဆွေက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ၂၀၂၃ခုနှစ်၊ဆိုကရေးတီး ခရိုင်အဆင့် ပထမဆုရ အ-ထ-က(ခွဲ)၂၄ ကျောင်း၊Grade-3 ကျောင်းသား မောင်တရက အကဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)