ကျောက်ဖြူမြို့ အမှတ်(၄)၊ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို  ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန် ဖွံ့ဖြိုးရမည်ဖြစ်ကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေးသည် လူသားတိုင်းအတွက်လိုအပ်ချက်ဖြစ်သဖြင့်  ပညာရှာမှီးရင်း ဗလငါးတန်ဖွံ့ဖြိုးရန် ပြုစုပျိုးထောင် အားထုတ်ရမည်ဖြစ်ပါကြောင်းနှင့် လူငယ်စကား ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က ဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ် ပါဝင်ဆောင်ရွက်ကာ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းမှ Grade-8 ကျောင်း သား မောင်ဘုန်းမြတ် လူက “လူငယ်နှင့်အနာဂတ်”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 8 ကျောင်းသား မောင်မင်းမောင်မောင်စိုးက “လူငယ်နှင့်ပညာရေး”  ခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade - 9 ကျောင်းသူ မဖူးပြည့်သွယ်က “လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 9 ကျောင်းသူ မခင်စိုးစိုးအောင်က “လူငယ်နှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ဆွေးနွေးသူ များမှ ပြန်လည်ဖြေကြားခဲ့ကြသည်။ ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လူငယ်စကားဝိုင်းတွင်ပါဝင် ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး  မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ပါရှိသော နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်ဓာတ်ပုံများနှင့် စာအုပ်စာစောင်များတို့အား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း