တာလေမြို့၌ နယ်မြေဒေသ အေးချမ်းလုံခြုံရေး လစဉ်သတင်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တာလေ အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ နယ်မြေဒေသ တည်ငြိမ်၊ အေးချမ်း၊ လုံခြုံရေးအတွက် လစဉ်သတင်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက နယ်မြေခံတပ်နယ်မှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ယာယီတပ်နယ်မှူးက နယ်မြေဒေသတည်ငြိမ်၊ အေးချမ်း၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လစဉ်သတင်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြို့အုပ်ချုပ်ရေးမှူး ဉီးလင်းလင်းအောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက မိမိဌာန၊ အဖွဲ့အစည်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ယာယီတပ်နယ်မှူးက မိမိရပ်ရွာအတွင်း ထူးခြားဖြစ်စဉ် သတင်းများအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး တင်ပြဆောင်ရွက်သွားရန်၊ ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ရာတွင်  သက်ဆိုင်ရာဌာနများ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားရန်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် တာဝန်ကျသော ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ သတ်မှတ်ဝတ်စုံများ အပြည့်အစုံ ဝတ်ဆင်သွားရန်၊ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် တရားမဝင် လုပ်ငန်းများတွင် ပါဝင်ပတ်သတ်မှုမရှိစေရန်၊ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ရန်၊ မျောက်ကျောက်ရောဂါ ကာကွယ်ရေးဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများ တောင်ယာမီးရှို့ခြင်းများ မပြုလုပ်စေရန် တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားရန် စသည့်အကြောင်းအရာများအား ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)