ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များအခမဲ့ငှါးရမ်း

တောင်ကုတ် အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်နိုင်ငံ့ဝန်ထမ်းများ စာပေများအလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှါးရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်စာရင်းစစ်ရုံး သို့သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးလက်ရှိရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဝန်ထမ်းများအတွက် သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ ငှါးရမ်းပေးခြင်းနှင့် ဖတ်ရှုပြီးစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)