ပေါက်တောမြို့နယ်၊ အ.ထ.က(သဝင်ချောင်း)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

                                                      ပေါက်တော အောက်တိုဘာ ၁၁                                                        

လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းတွင် အ.ထ.က (သဝင်ချောင်း)ကျာင်းရှိ  စုပေါင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အ.ထ.က(သဝင်ချောင်း) ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး လူငယ်စကားဝိုင်းအားစတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ဦးဆောင်ဆွေးနွေးကာGrade - 9 မှ ကျောင်းသား မောင်နေဇင်ငြိမ်း ကလူငယ်နှင့်ကြီးပွားရေး၊ Grade-10 မှ ကျောင်းသား မောင်ငြိမ်းဇင်က လူငယ်နှင့်ပညာရေး၊ Grade-10 မှ ကျောင်းသား မောင်အောင်ဝင်းထွန်းက "လူငယ်နှင့်ရည်မှန်းချက်"၊ Grade- 11မှ ကျောင်းသူမအေးအေးချို ကလူငယ်နှင်စည်းကမ်း ၊Grade-9မှ ကျောင်းသူ မအေးအေးစိုး ကလူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-မှ10 ကျောင်းသူ မဖြူနှင်းဝေက "လူငယ်နှင့်စာပေ" အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူ (၆)ဦးက ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။

အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အ.ထ.က(သဝင်ချောင်း)ကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

ထို့ပြင် ခန်းမအတွင်း ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)