မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မြောက်ဦး အောက်တိုဘာ ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌  ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာက ကျောင်းသား/ကျောင်းသူများ စိတ်ကူးစိတ်သန်းနှင့် ဉာဏ်ရည်/ဉာဏ်သွေး ထက်မြက်စေရန်၊ စာအုပ်စာပေများနှင့် ထိတွေ့မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများက ကြိုက်နှစ်သက်ရာ ပုံပြင်များဖြင့် ဝင်ရောက်ယဉ်ပြိုင်ကြ၍ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲများကျင်းပပေးခြင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများပြုလုပ်ပေးခြင်းအပြင် အသိပညာပေး(Talk Show) အစီအစဉ်များ ရိုက်ကူးထုတ်လွင့်ခြင်း၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများကျင်းပခြင်းစသည့် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)