ပင်လုံ အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ နယ်လှည့်ကွင်းဆင်းလှုပ်ရှားမှုများ ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက် ၉နာရီခွဲအချိန်က အမက(၄)ကျောင်းသို့ သွားရောက်ပြီး အသိပညာပေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောခြင်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြော၍ ကျောင်းသားလူငယ်များအား စိတ်ကူးစိတ်သန်းကောင်းများနှင့် ကာယ၊ဉာဏများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပန်းချီရုပ်ပုံလေးများအား ဆေးရောင်ခြယ်စေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ထို့နောက်အဆိုပါကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ်(ပြန်/ဆက်)