မိုင်းယောင်းမြို့နယ်တွင် ကျွဲကောသီးများ လှိုင်လှိုင်ထွက်ရှိ

မိုင်းယောင်း အောက်တိုဘာ  ၁၁

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် အရသာကောင်းမွန်သော ဒေသထွက်ကျွဲကော်သီးများသည် ယခုအခါ လှိုင်လှိုင်ထွက်ရှိနေကြောင်း သိရသည်။

ဒေသခံတောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ဒေသမျိုး ကျွဲကောပင်မှ ကျွဲကောသီးများသည် ယခုအခါ လှိုင်လှိုင်ထွက်ရှိနေပြီး တစ်လုံးလျှင် ကျပ် ၂၀၀၀ မှ ကျပ် ၅၀၀၀ အထိ ရောင်းရကြောင်း၊ သဘာဝအနံ့အရသာ ပြည့်စုံကောင်းမွန်ခြင်းကြောင့် ဝယ်ယူစားသုံးသူများပြားကာ လူငယ်များ အထူးကြိုက်နှစ်သက်ကြသဖြင့် ဈေးကောင်းရနေကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း