ညောင်ဦး အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ညောင်ဦးခရိုင်/မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ညောင်ဦးမြို့ အမှတ်(၅)၊ ဗိုလ်ချုပ်ပန်းခြံရှေ့၌ ပြည်သူ့သက်သာ ဈေးအရောင်းဆိုင်ကို ယနေ့နံနက် ၈ နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်တွင် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥ၊ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ငါးနှင့်ဟင်းသီးဟင်းရွက်စသည့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ဈေးရောင်းဈေးဝယ်မှုအခြေအနေများကို ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးရဲနိုင်(ဒုတိယညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။ ပြည်သူ့သက်သာဈေးအရောင်းဆိုင်တွင် ရောင်းချသည့်အခြေခံ စားသောက်ကုန်များကို ထုပ်ပိုးရောင်းချပေးရာတွင် ပလတ်စတစ်သုံးစွဲမှုလျော့ကျစေရေး ပလတ်စတစ်အစားထိုး အင်ဖက်၊ သတင်းစာစက္ကူများဖြင့် ထုတ်ပိုးရောင်းချပေးခဲ့ကြောင်း ဆန်တစ်ပြီ ၃၀၀၀ ကျပ်၊ စားအုန်းဆီတစ်ပိဿာ ၄၇၅၀ ကျပ်၊ ကြက်ဥတစ်လုံး ၁၅၀ ကျပ်၊ ဘဲဥတစ်လုံး ၁၅၀ ကျပ်၊ အမဲသားတစ်ပိသာ ၁၂၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာ ၁၅၀၀၀ ကျပ်နှင့်ဆိတ်သား တစ်ပိဿာ ၁၈၀၀၀ ကျပ်တို့ဖြင့် သတ်မှတ်နေရာများ၌ အပတ်စဉ် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း