လဲချား အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)တွင် ယနေ့နံနက်(၉)နာရီအချိန်က စာရေးဆရာမ ခင်စောတင့်၏ “စွန့်စားမှုဆီသို့ခြေတစ်လှမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်ချိုထွေးက စာဖတ်ဝိုင်းများပြုလုပ်ခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းမှ ဒေါ်သန်းသန်းမြက မျှော်လင့်ချက်ခေါင်းစဉ်အားလည်းကောင်း၊ ဒေါ်ဝင်းဝင်းမျိုးမှ “မွေးမေမေ ကျွေးမေမေ”ခေါင်းစဉ်အားလည်းကောင်း၊ ဒေါ်ဇာဇာလှိုင်မှ “တန်ဖိုးထားပါစားစရာ” ခေါင်းစဉ်အားလည်းကောင်း၊ ဒေါ်ကေခိုင်မှ “သနားကြင်နာမှုသည်သာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ ဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)