နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကျန်းမာရေးဌာန) အနာဂတ်အတွက် သောက်သုံးရေစီမံချက်မှ  ထောက်ပံ့ငွေပေးအပ်

နမ့်ဆန် အောက်တိုဘာ ၁၁

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း(ကျန်းမာရေးဌာန) အနာဂတ်အတွက် သောက်သုံးရေ စီမံချက်၊ စီမံကိန်းဝင်ကျေးရွာဖြစ်သော ဟူးခင်းကျေးရွာအုပ်စု မန်စပ်ကျေးရွာတွင် (10'×5'×7') နှစ်ခန်းတွဲအိမ်သာ၊ (8'×4'×6'×)မိလ္လာကန်၊ (3.6'×3.6'×7') အရည်ကန်ဆောက်လုပ်ခြင်း၊ (6'×6'×7) မသန်စွမ်းအိမ်သာ ဆောက်လုပ်ခြင်းနှင့် အမှိုက်မီးရှို့ကန် ဆောက်လုပ်နိုင်ရန်အတွက် ထောက်ပံ့ငွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကျန်းမာရေးဌာန) စီမံချက်ရုံးတွင် ယမန်နေ့နံနက် (၁၀)နာရီက ပေးအပ်ကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းဆောက်လုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကျန်းမာရေးဌာန) အနာဂတ်အတွက် သောက်သုံးရေစီမံချက်မှ လုပ်ငန်း၏ 20% ဖြစ်သော ပထမအရစ် ထောက်ပံ့ငွေ(ကျပ်၂၀၀၀၆၀၀)သိန်းနှစ်ဆယ်နှင့်ခြောက်ရာကျပ်တိတိကို စီမံချက်အရာရှိ ဒေါ်စုစုလှိုင်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တပ်ဖွဲ့မှူးတို့က ကျေးရွာတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ကြောင်းသိရသည်။ 

နမ့်ဆန်ဒေသ(ပြန်/ဆက်)