နောင်ချိုမြို့နယ်တွင် မြို့နယ်သာသနဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေများ တတိယအကြိမ်လှူဒါန်း

နောင်ချို အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေများ တတိယအကြိမ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာ ဓမ္မရိပ်သာတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ အလှူတော်ငွေကျပ် (၁၀)သိန်းကျော်ကို တာဝန်ရှိသူများက လှူဒါန်းရာ တည်ဆောက်ရေး အဖွဲ့ခေါင်းဆောင် သဖန်းကိုင်း ပရဟိတဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြို့နယ်သာသနာ့ ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး အောင်မြင်စွာ တည်ဆောက်ပြီးစီးနိုင်ရန် အတွက် နောင်ချိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ပထမအကြိမ်တွင် ငွေကျပ် သိန်း(၄၀)၊ ဒုတိယအကြိမ်တွင် ငွေကျပ်(၂၈)သိန်း၊ တတိယအကြိမ် ငွေကျပ်(၁၀)သိန်းကျော် လှူဒါန်းခဲ့ပြီ ဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများ၊ ရပ်နီး၊ ရပ်ဝေးမှ စေတနာရှင် အလှူရှင်များကလည်း ကုသိုလ်ယူ လှူဒါန်းပေးလျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)