ကျိုက်မရောမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ကျိုက်မရော   အောက်တိုဘာ  ၁၀

ကျိုက်မရောမြို့နယ်၌ စာပေချစ်မြတ်နိုးသူဝန်ထမ်းများ စာပေလေ့လာဖတ်ရှုခွင့်ရရှိစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစာငှားစနစ်ဖြင့် စာအုပ်များလှည့်လည်ငှားရမ်းပေးခြင်းကို  ယနေ့နံနက် ၁၁ နာရီက မြို့နယ်သစ်တောရုံးနှင့် လယ်ယာဖွံ့ဖြိုးရေးဘဏ် ရုံးများသို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာ၌ အပတ်စဥ်အင်္ဂါနေ့တိုင်း အဟောင်းအပ်အသစ်ပြန်ယူစနစ်ဖြင့် စာဖတ်သူစိတ်ကြိုက် သုတစာအုပ်များ၊ ဝတ္တုစာအုပ်များ၊ လစဥ်ထုတ်မဂ္ဂဇင်းများ၊ ကလေးများအကြိုက်ကာတွန်းစာအုပ်များ၊ ပုံပြင်စာအုပ်များကိုယူဆောင်၍ ဌာနဆိုင်ရာရုံးများသို့  အပတ်စဥ်လှည့်လည်  ငှားရမ်းပေးခြင်းဖြင့် စာဖတ်သူဦးရေ  တိုးပွားစေကာ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို လစဥ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)