ခိုလမ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သီရိမင်္ဂလာဘုန်းတော်ကြီးကျောင်းနှင့်မဟာဗောဓိကျောင်းတိုက်တို့တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်က အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းမှ သံဃာတော်များအား ဆန်၊ဆီ၊ဆေးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း၍ အမှတ်(၉)နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များ ဆွမ်း၊ကွမ်းသုံးဆောင်မှု အဆင်ပြေစေရန် ဆန်၊ဆီ၊ဆေးနှင့် လတ်ဆတ်သောဟင်းသီးဟင်းရွက်မျိုးစုံတို့ကို သီရိမင်္ဂလာကျောင်းတိုက်နှင့် မဟာဗောဓိကျောင်းတိုက်ဆရာတော်များထံသို့ ရဟန်း၊သာမဏေ စုစုပေါင်း(၁၃၃)ပါးတို့အတွက် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ယင်းနောက် အမှတ်(၉) နယ်မြေခံဆေးတပ်ရင်းမှ ဆေးကုသဆောင်ရွက်ပေးနေမှုကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများမှ ဆေးကုသဆောင်ရွက်ပေးရာတွင် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခိုလမ်(ပြန်/ဆက်)