လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိုးနဲမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

မိုးနဲ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေရန်နှင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက နမ့်မော်လေကျေးရွာ အမှတ်(၁၅) အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က လူငယ်များအသိဉာဏ်ပညာဗဟုသုတ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊စာရိတ္တ၊မိတ္တ၊ဘောဂ စသည့်ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အသိပညာပေးရှင်းလင်းပြောကြားပြီး လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေးအကြောင်းကို ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်နှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ချိတ်ဆွဲပြသခဲ့ရာ ကျောင်းသား/သူလေးများက ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)