ဟိုပန် အောက်တိုဘာလ ၁၀
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးယာစပါးစံကွက်ရိတ်သိမ်းပွဲကို မော်ဟွေ့ကျေးရွာကွင်းအမှတ် (၈)၊ ဦးပိုင် (၂၃) တောင်သူဦးကျော်လှ၏ ယာစပါးစိုက်ဧက (၂) ဧက၌ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ပါသည်၊၊
မိုးယာစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလှမိုးကျော်နှင့် မြို့နယ်ဦးစီးမှူး ဦးချိုလေးတို့က မိုးယာစပါးအထွက်နှုန်းတိုးတက်ရန် အထွက်ကောင်းမျိုးဖြစ်သည့် (၅၀၂)စပါးမျိုုးဖြင့် ပြောင်းလဲစိုက်ပျိုးသည့်အခါ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီမှုရှိပြီး အထွက်နှုန်းကောင်းမွန်သည့်အတွက် တောင်သူများ ပိုမိုစိုက်ပျိုးသွားရန် ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် စံကွက်ရိတ်သိမ်းရာ၌ ယာစပါး မျိုးကွဲ ၅၀၂ အစို (၁)ဧက (၁၀၃.၂၅)တင်း၊ အခြောက် (၁) ဧက (၉၃.၂၅) တင်းထွက်ရှိခဲ့ပြီး တောင်သူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)