ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဝါးဖြူတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

သပိတ်ကျင်း အောက်တိုဘာ ၁၀

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင် (အ-ထ.က) ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သပိတ်ကျင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က လူငယ်များ၏အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်တွင် လူကြီးများဖြစ်လာမည့်အတွက် ယခုကစ၍ ပညာအခြေခံကောင်းပြီး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်မှသာ မျိုးဆက်သစ်များအတွက်ကောင်းမွန်သည့် အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါ‌ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ခေတ္တပညာရေးမှူး ဦးမြင့်သိန်းက လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ကာ အသိပညာများတိုးတက်‌စေရေးတို့ကို ပြောကြားခဲ့ကာ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက လူငယ်စကားဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဝါးဖြူတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

ထို့နောက် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီနှင့် ဒုတိယဦးစီးမှူး ဒေါ်ဖြိုးမမတို့က ဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ရာ Grade- 10 ကျောင်းသား/ကျောင်းသူ(၅)ဦးက လူငယ်နှင့်ရွေးချယ်မှု၊ ဗီဇနှင့်ပတ်ဝန်းကျင်၊ ကိုယ်စီကိုယ်ငှအလုပ်လုပ်နိုင်ကြပါစေ၊ လုပ်ငန်းခွင်အောင်မြင်ဖို့၊ နည်းပညာကိုအကျိုးရှိစွာ အသုံးချတတ်ပါစေ စသည့်ခေါင်းစဉ်များကိုဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)