ကျောက်တလုံးကြီးမြို့ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ကျောက်တလုံးကြီး အောက်တိုဘာ  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံကြီးမြို့တွင် လူငယ်များ ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်အသိပညာဗဟုသုတရရှိစေရန် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန္တာဝင်းက ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တန်ဖိုးရှိသော လူငယ်များဖြစ်လာစေ‌ရေး အကျင့်စာရိတ္တကောင်းမွန်ရန် လိုက်နာသင့်သည့် အချက်များ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့သည်။   

ထို့နောက် ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျားကွက်ကစားနည်းပြိုင်ပွဲများ ကျင်းပရာ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသူ/ကျောင်းသားများအား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့သည်။

ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူ ကလေးသူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အသိအမြင်များ ဖလှယ်တတ်စေရန် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ အသိပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန္တာဝင်း(ပြန်/ဆက်)