တနိုင်းမြို့ အခြေခံပညာမူလွန်-ကောင်ဂျာကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

တနိုင်း အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အခြေခံပညာမူလွန်-ကောင်ဂျာကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက လူငယ်နှင့် ရည်မှန်းချက်၊ လူငယ်နှင့် စာရိတ္တ ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်ဝင်းက မီးဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေး ဟောပြောပေးကာ မီးငြိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြငြှိမ်းသတ်ခဲ့ကြ ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များ၊ သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသထားရှိမှုများအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အလားတူ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို မွန်းလွဲ (၁) နာရီခွဲက အခြေခံပညာ မူလွန်-ဟူးကောင်းကျောင်း၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မနောမြေ(တနိုင်း)