ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ စာရေးဆရာမောင်ခင်မင် (ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဒဂုံမြောက် အောက်တိုဘာ ၁၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းကို အောက်တိုဘာ ၈ ရက်နေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ် ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက ယခုကဲ့သို့ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းအား ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ် Book Club အဖွဲ့ဝင်များဖြစ်သော ဆရာ‌မောင်ခြိမ့်၊ ဆရာဝင်းတင့်ဦး (ကြံခင်း)နှင့် ကိုအောင်(ရာမည)တို့က ဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ”စာအုပ်မှ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”ဆောင်းပါး၊ “ဆရာနှင့်ပတ်သက်သည့်အတွေးများ” ဆောင်းပါး၊ “ဖတ်စရာကဗျာကြည်နူးစရာ” ဆောင်းပါးတို့ဖြင့်လည်းကောင်း ဆွေးနွေးရာတွင် ဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် ယခုစာအုပ်သည် စာရေးဆရာများ ဆောင်ထားသင့်သည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း၊ ဆရာကြီး၏ အသိအမြင်ဗဟုသုတများ စုံလင်စွာပါရှိကြောင်း၊  အသိအမြင်ဗဟုသုတများ ပြန်လည်ဆွေးနွေးခြင်းဖြင့် ဝေမျှခြင်းဖြင့် အကျိုးများစေမှာဖြစ်ကြောင်း၊ ဆရာ၏ဆောင်းပါးထဲတွင် ဆရာ၏ လက်ဦးဆရာများအကြောင်း၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအကြောင်း၊ ဆရာသမားများအား အလေးထားရန်၊ ဆရာကို အလေးဂရုမထားသောတပည့်သည် ပွဲလယ်တင့်မည်မဟုတ်ကြောင်း၊ ၎င်းတို့သင်ယူခဲ့ရသော ဆရာများနှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာစာတွင် အပြောမှာသတ်ပုံ၊ အရေးမှာအသံဖြစ်ပြီး ရေးတော့အမှန်ဖတ်တော့အသံဖြစ်ကြောင်း၊ ဆရာများ၏ ဂုဏ်ကျေးဇူးကြီးမားပုံများ၊ သိ၊ မြင်၊ တွေး၊ ကြံ၊ ကျိုးစသည့် အဓိပ္ပာယ်များကို ၎င်းတို့အတွေ့အကြုံများနှင့်ယှဉ်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ