လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဆောင်ရွက်

ဒဂုံတောင် အောက်တိုဘာ ၁၀

ကျောင်းသား၊ ‌‌ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်‌ကြောင်း သိရသည်။

ဟောပြောပွဲတွင် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့‌မော်က အမှာစကားပြောကြာပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်း‌အေးက လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူကုန်ကူးခံရသူတို့၏ အကြောင်းအရာများ၊ လူကုန်ူးခံရခြင်းအကြောင်းအရင်းများ၊ ရှောင်ရန်ဆောင်ရန် အကြောင်းအရာများအား ဟောပြောမြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမ ဒေါ်ထွေးမြတ်မြတ်ဝါ (စံဌာနီထွန်း)က  လူငယ်နှင့်အောင်မြင်ရေးခေါင်းစဉ်ဖြင့် လူငယ်များ ကျောင်းစာအပြင် သုတရသစာအုပ်များ ဖတ်ရှုရန်လိုအပ်ကြောင်းများ၊‌ ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ဆောင်ရန်ရှောင်ရန်များ ငယ်စဉ်အခါပညာရအောင် ရှာရန်လိုအပ်ပုံများကို အသိပညာပေးဖြစ်ရပ်မှန်ဝတ္ထုတို သာဓကများဖြင့် ဟောပြောပြီး၊ဟုသုတရှိ‌သောစာပေများဖတ်ရှုမှသာ အောင်မြင်သောခေါင်းဆောင်‌ကောင်း ဖြစ်လာနိုင်‌ကြောင်းများအား အကျယ်တဝင့်ဟောပြာကာ စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးက စာကြည့်တိုက်ဝန်ဆောင်မှု အကြောင်းအရာများအား ဟောပြောဆွေးနွေးပေးကြောင်း သိရသည်။      

ထို့နောက် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး စသည့်အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသ စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်းနှင့် ဟော‌ပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အမှတ်(၁) အခြေခဲပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့‌မော်နှင့် ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦး တက်ရောက်ကြာင်း သိရသည်။

သန်းသန်းအေး