မန့်ဟီးရိုးမြို့လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ပြပွဲနှင့်ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်

မန့်ဟီးရိုး အောက်တိုဘာလ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးတက်မြင့်မားလာစေရန်၊ စာဖတ်ချင်စိတ် တိုးတက်လာစေရေးနှင့် စာပေရင်းနှီးထိတွေ့မှုရှိလာစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်၉နာရီခွဲအချိန်က စာအုပ်စာစောင်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များလည်း ပြသ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအသိပညာပေးနံရံကပ်စာစောင်တွင် ဆင်းရဲမွဲတေခြင်းနှင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်များမရရှိခြင်းသည် ကလေးအလုပ်သမားများ ပိုမိုများပြားလာခြင်း၏ အဓိကအကြောင်း အရင်းများ၊ ကလေးဘဝတွင် လွတ်လပ်ပျော်ရွှင်သည့် ကလေးများအဖြစ် ရှင်သန်ကြီးပြင်းလာရမည့်အစား အတင်းအဓမ္မခိုင်းစေခြင်းများ တွေ့ရှိပါက ဝိုင်းဝန်းပူးပေါင်း ကယ်တင်ဆောင်ရွက်ပေးသင့်ကြောင်း၊ နိုင်ငံအတွင်း ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေးနှင့် ကလေးသူငယ်အခွင့်အ‌ရေးများ အပြည့်အဝရရှိစေရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် အသိပညာပေးစာစောင်များ၊ ရုပ်ပြကာတွန်းများဖြင့် ပြည့်ပြည့်စုံစုံ ထည့်သွင်းပြသဆောင်ရွက်ထားလျက်ရှိပါသည်။ထိုသို့ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားရှိမှုကို လမ်းသွားလမ်းလာဒေသခံပြည်သူများ၊ ကျောင်းသွားကျောင်းလာကျောင်းသား/သူများနှင့် ‌တောင်ယာအပြန် ဒေသခံတောင်သူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရှိရပါသည်။

မန့်ဟီးရိုး(ပြန်/ဆက်)