မိုင်းတုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများသို့ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

မိုင်းတုံ   အောက်တိုဘာ  ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက စာသင်ကျောင်းများသို့ နယ်လှည့်ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ  မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က  ကျောင်းသား၊ကျောင်းသူများကို နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြီးနောက် " လူငယ်များဖွံဖြိုးရေး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး‌  ကျောင်းသား၊ကျောင်းသူများကို  သုတ/ရသစာအုပ်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း၊ လူကုန်ကူးမှုကာကွယ်တားဆီးရေးနှင့် ကလေး သူငယ်ကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတရရှိစေပြီး မှတ်သားထားတတ်သည့် အလေ့အထရရှိစေ ရန်ရည်ရွယ်၍ ပြသပေးခဲ့ရာ‌ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရူ့လေ့လာခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)