ကွန်ဟိန်း အောက်တိုဘာ ၁၀
ကျောင်းသား/ကျောင်းသူများ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား လူငယ်များ ဖြစ်ပေါ်လာစေနှင့် ဗလငါးတန်နှင့် ပြည့်စုံစေရန် အတွက်ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း(သိန်းဖျံ)၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအား ယမန်နေ့ နံနက်(၁၀:၀၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေး က စာအုပ်စာပေများကို လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း စာအုပ်စာစောင်တွေဖတ်မှ အသိပညာ ဗဟုသုတများ တိုးပွားမည်ဖြစ်ကြောင်း၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ဖို့ အသိပညာသည် စာပေဗဟုသုတမှာရှိပါကြောင်း၊ အတတ်ပညာအတွက် ကျောင်းစာသင်ကြားနေသလို မိမိရဲ့အသိပညာအတွက်လည်း စာအုပ်စာပေများကို လေ့လာဖတ်ရှုမှရမည်ဖြစ်ကြောင်း စာအုပ်စာပေတွေကနေ ရရှိလာတဲ့ အသိပညာဗဟုသုတများနဲ့ မိမိရဲ့ဘဝကို တိုးတက်လာမည် မြင့်မားလာမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ အခြေခံပညာမူလတန်းလွန်ကျောင်း (သိန်းဖျံ)မှ ကျောင်းသား/ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)