ပုဇွန်တောင် အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အောက်တိုဘာ ၇ ရက်နေ့နံနက် ၉:၀၀ နာရီက Women Club အဖွဲ့နှင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့သည်။ အဆိုပါစာဖတ်ဝိုင်းတွင် ဒေါက်တာ ခင်မောင်ညိုရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာမ မေမြတ်စန္ဒာက "လူငယ်နှင့်အမြင်" ဖြင့်လည်းကောင်း၊ Women Club ဥက္ကဋ္ဌ ဒေါ်မျိုးခိုင်ဇာက "ရှက်စိတ်၊ ကြောက်စိတ်နဲ့ အောင်စိတ်" ဖြင့်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါ်သိင်္ဂီက "လူငယ်နှင့်စူးစမ်းစိတ်"၊ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က "အမှားကိုမကြောက်ပါနဲ့"တို့ကို ဖတ်ကြားဆွေးနွေးကြပြီး တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများကို ထင်မြင်ယူဆချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီးနောက် ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များစာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်