မိုင်းငေါ့ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၈ရက်နေ့ နံနက် (၁၀)အချိန်က အဆိုပါကျောင်းခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က လူ့စိတ်နှလုံးကို ပျော်ရွှင်လန်းဆန်းစေပြီး ကိုယ့်အား၊ စိတ်အား၊ ဉာဏ်အားဖွံ့ဖြိုးအောင် ဖန်ဆင်းပေးသောအရာမှာ အားကစားပင်ဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ အင်အားနှင့်ဉာဏ်ရည်ကို အသုံးချလှုပ်ရှားယှဉ်ပြိုင်ရသည့် ပြိုင်ပွဲတစ်ခုဖြစ်ပါကြောင်း၊ လူငယ်တို့သည် အနာဂတ်အတွက် ပညာအလင်းများသယ်ဆောင်ရင်း အားကစားလိုက်စားကာ ကိုယ်စိတ်နှစ်ဖြာကျန်းမားပျော်ရွှင်မှာ ဆုလာဘ်ကိုရယူသင့်ကြောင်း၊ ထို့ကြောင့်ကျောင်းသားလူငယ်များသည် ကာယ၊ ဉာဏစွမ်းရည်တိုးတက်မြင့်မားအောင် လေ့ကျင့်ပျိုးထောင်သင့်ပါကြောင်း စသည်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ (၄၅ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)