ထီးချိုင့် အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က လူငယ်များ အသိပညာဗဟုသုတ တိုးပွားလာ စေရေး၊ လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံ လာစေရေး၊ ပြောဆိုဆွေးနွေးတတ်သည့် အလေ့အထများ၊ အလေ့အကျင်းကောင်းများ ရရှိလာနိုင်စေရေးအတွက် လူငယ်အသိပညာပေး ဟောပြောပွဲများကို ကျင်းပပေးလျက်ရှိပါကြောင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ခင်အုန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ် ဖြင့် အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာဖတ်ရှိန်မြှင့်ရေးအတွက် စာအုပ်စာစောင်များပြသခြင်း၊ ကလေး အလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသရာကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)