သုံးခွ အောက်တိုဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမှတ်(၃) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု့လာစေရန်၊ စာပေဖတ်ရှု့ခြင့်ဖြင် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် (၃) အခြေခံပညာမှုလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးဒေါ်လှိုင်သူဇာက ကျောင်းသား/သူလေးများအား မှုးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများအကြောင်းသိကောင်းစရာများကို အကျယ်တစ်ဝင့်ရှင်း လင်းပြောကြားခြင်းနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကိုလည်း လေ့လာစေလိုကြောင်းစသည်ဖြင့် ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ဗဟုသုတရဖွယ် စာအုပ်စာပေများနှင့် အသိပညာပေးနံရံကပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ်မြို့ပေါ်ရပ်ကွက်ကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ပေးလျက်ရှိသည်။
စည်သူလင်း (ပြန်/ဆက်)