မန်တုံမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မန်တုံ အောက်တိုဘာ ၁၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင် မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်ယုယုအောင်က လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး အစရှိသည့်ခေါင်းစဉ်ပါ အကြောင်းအရာများနှင့် လူ့လောကတွင် စာတတ်ဖို့၊ ပညာတတ်ဖို့အ​ရေးပါကြောင်း၊ ပညာမရှိသူနှင့်ပညာရှိသူ၊ ပညာနည်းသူနှင့် ဉာဏ်ပညာကြီးမားသူ များရဲ့ ဘဝအောင်မြင်မှုများသည် မတူပါကြောင်း၊ စာတတ်ခြင်းနှင့် ပညာတတ်ခြင်းမတူညီကြောင်း၊ စာတတ်ခြင်းဆိုသည် အတန်းအောင်တာ၊ ဘွဲ့ရတာ၊ ကျောင်းပြီးတာဖြစ်ကြောင်း၊ ဘဝတစ်လျှောက်လုံး ကျန်းကျန်းမာမာနှင့် အသက်ရှည်ရှည် အဆင်ပြေပြေနေနိုင်ရန် အသိပညာ၊ ဗဟုသုတများ ပြည့်ဝဖို့ရန်လိုအပ် ကြောင်းအစရှိသည်များကို ကျောင်းသား လူငယ်လူရွယ်များ အသိပညာဗဟုသုတရဖွယ် ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)