မြစ်ကြီးနား အောက်တိုဘာ ၁၀
ကချင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၆၀ ပေ၊ ၃၀ ပေ၊ ၂၄ ပေ RC နှစ်ထပ် အဆောက်အအုံသစ် တည်ဆောက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ရှိ အဆိုပါ ကျောင်းဝင်းအတွင်း သတ်မှတ်နေရာ၌ အဆောက်အအုံသစ် တည်ဆောက်နိုင်ရေး ပန္နက်တင် မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်သည်။
ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ အဆောက်အအုံသစ် တည်ဆောက်နိုင်ရေး အတွက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဆုတောင်းဆက်ကပ်အပ်နှံပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်တို့က သတ်မှတ်နေရာအသီးသီး၌ ပန္နက်ရိုက်တင်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် ပြည်နယ်အတွင်း ပီလောပီနံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ကျင်းပပြု လုပ်သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သီးနှံမျိုးကွဲများစွာ စိုက်ပျိုးဖြစ်ထွန်းနိုင်သော ရေခံမြေခံကောင်းသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် ပီလောပီနံကိုလည်း ဒေသအနှံ့စိုက်ပျိုးဖြစ် ထွန်းနေသည်ကို တွေ့ရှိရကြောင်း၊ ယခုအခါ ပီလောပီနှံစိုက်ဧက ၁၁၈၀၀ စိုက်ပျိုးထားရှိကြောင်း၊ ယနေ့ ပီလောပီနံကို ကျယ်ပြန့်စွာ စိုက်ပျိုးနိုင်ရေး ဒေသတွင်း ကော်မှုန့်စက်ရုံငယ်များ ထူထောင်ပေး ခြင်း၊ ဈေးကွက်ဖန်တီးပေးခြင်းများကို လုပ်ဆောင်ပေးခြင်းအားဖြင့် ဒေသထုတ်ကုန်တစ်ခု တိုးတက် မြင့်မားလာမည်ဖြစ်သည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုရရှိ လာမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးဌေးလွင်က ပြည်နယ်အတွင်း ပီလောပီနံစိုက်ပျိုးနိုင်မှု အခြေအနေများနှင့် နည်းပညာ၊ ဈေးကွက်ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်ပေး သွားမည့် အစီအမံများကိုလည်းကောင်း၊ ပီလောပီနံစိုက်ပျိုးရေးပညာရှင် ဦးကျော်သူရက ပီလောပီနံ စိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် အသုံးပြုနိုင်သည့် ထုတ်ကုန်အခြေအနေများ၊ နိုင်ငံတကာတွင် ပီလော ပီနံစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေများ၊ ပီလောပီနံစိုက်ပျိုးထုတ်လုပ်ခြင်းအားဖြင့် ရရှိနိုင်သည့် အကျိုးအမြတ်အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် စိုက်ပျိုးရေးလုပ်ငန်းရှင်များက ပြည်နယ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်မှု အခြေအနေများ၊ နည်းပညာလိုအပ်ချက်နှင့် သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပီလောပီနံစိုက်ပျိုးရေးပညာရှင် ဦးကျော်သူရက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းစီမံကိန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံလုံးကို စိုက်ပျိုးမွေးမြူရေးနှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် လုပ်ငန်းများတွင် ရင်းနှီးမတည်ထုတ်ချေးပေးနိုင် ခဲ့သည့်အပြင် ပထမ (၆)လ အတိုးငွေများကိုလည်း ကောက်ခံရရှိခဲ့ပြီး ထပ်မံမတည်ပေးနိုင်ခဲ့ပါ ကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် ပူတာအိုဒေသ (၃) နှစ်အတွင်း ဝမ်းစာဖူလုံရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ တနိုင်းခရိုင် ဝမ်းစာဖူလုံရေးကိုလည်း စီမံချက်များ ချမှတ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ မိုးစပါးအောင်မြင်စောလျှင်စွာ ရိတ်သိမ်းပြီးစီးရေးနှင့် သီးထပ်/သီးညှပ်များ အမြန်ဆုံးစိုက်ပျိုးဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ လိုအပ်သည့် သွင်းအားစုများ ပံ့ပိုးမတည်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍပေါင်းစုံ ပိုမိုတိုးတက်လာသည်နှင့်အမျှ ပြည်နယ်၏ GDP တိုး တက်မြင့်မားလာမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပြည်နယ်အတွင်း ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အတိုးရငွေများကို ထပ်မံရင်းနှီးမတည်ပေးနိုင်ရေး ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ကြိုတင် စီမံဆောင်ရွက်ထားရေး ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ရန်ပုံငွေများမှ မတည်ရင်းနှီးပေးနိုင်မှု အခြေအနေများနှင့် တိုးပွားလာသော ရန်ပုံငွေများမှ ပြန်လည်ထုတ်ချေးပေးနေမှု၊ ထုတ်ချေးပေးနိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ရင်းနှီးမတည်ပေးခဲ့သည့် လုပ်ငန်းများအလိုက် လိုအပ်ချက်များ/ အကြံပြုချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် အတူ ယနေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် ပန်းမြို့တော်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များ၏ မြစ်ကြီးနားမြို့ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် မြို့သစ်ရပ်ကွက်အတွင်း ဗန္ဓုလလမ်းဆုံနေရာမှ မလိဇွပ်ဆေးရုံအထိ လမ်းဘေးဝဲ/ ယာ နှင့်လမ်းလယ်ကျွန်းများရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အလှပုံဖော်ပြုပြင်ခြင်းနှင့် အမှိုက်များကောက်ယူခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်နေမှုများကို လှည့် လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လမ်းလယ်ကျွန်းများတွင် မြေယာရှုခင်းပြုပြင်၍ အလှပန်းပင်နှင့် သစ်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လမ်းဘေးမြေကွက်လပ်များတွင် ပန်းဥယျာဉ်ငယ်များ ရောင်စုံ ပန်းများဖြင့် လှပသန့်ရှင်းနေစေရေး စနစ်တကျဆောင်ရွက်သွားရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၈ ရက် ညနေ ၃ နာရီခွဲက ဌာနဆိုင်ရာများအား ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်လက်လှုပ်ရှားအားကစားလေ့ကျင့်မှုဖြစ်စေရေး၊ ဌာနဆိုင်ရာအချင်း ချစ်ခင်ရင်းနှီးမှု၊ စည်းလုံးမှု ပိုမိုအားကောင်းလာစေရေးအတွက် ပြည်သူ့အားကစား ကွင်းအတွင်း ကျင်းပပြုလုပ်သည့် မြစ်ကြီးနားမြို့နယ် ဌာနဆိုင်ရာညွှန်ပေါင်း ဘောလုံးအသင်းနှင့် ဝိုင်းမော်မြို့နယ် ဌာနဆိုင်ရာ ညွှန်ပေါင်းဘောလုံးအသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဒေသ ခံဘောလုံးအားကစား ဝါသနာရှင်များနှင့်အတူ တက်ရောက်ပါဝင်ကစားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်