လဲချား အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေး ဌာနတွင် ယနေ့နေ့လည် (၁)နာရီအချိန် က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်မောင်နွယ်မှ သားအိမ်ခေါင်းကင်ဆာ ရောဂါအကြောင်းနှင့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အတွင်း ရှိ အသက်(၉)နှစ်မှ (၁၀)နှစ်ထိ အမျိုးသမီးငယ်များကို ကာကွယ်ဆေး စတင်ထိုးနှံ ပေးခဲ့ပြီး ဌာနဆိုင်ရာနှင့် လူမှုရေးအသင်းအဖွဲ့ တာဝန်ရှိသူများက အားပေး ကြည့်ရှုခဲ့သည်။
အဆိုပါ မြို့နယ်အတွင်း ကာကွယ်ဆေးထိုးပေးခြင်းကို အသက်(၉)နှစ်မှ (၁၀)နှစ်ထိ ရည်မှန်းဦးရေ (၇၀၅)ခန့်ကို ပထမအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်မှု အပြည့်အဝရရှိစေရန်အတွက် ပထမအကြိမ်ထိုးနှံပြီး (၁၂)လအကြာတွင် ထပ်မံထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)