ညောင်ဦး အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့် ခရမ်းချဉ်သီးပေါ်ချိန်ဈေးကောင်းရရှိခြင်းကြောင့် မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း ညောင်ဦးမြို့နယ် ဒဟတ်စီးကျေးရွာ ဦးဝင်းမောင်ထံကသိရသည်။
ညောင်ဦးမြို့နယ်တွင် ခရမ်းချင်စိုက်ပျိုးမှုယခုနှစ်တွင်များပြားခဲ့ကာ ခရမ်းချဉ်သီး စတင်ပေါ်ချိန်က တစ်ပိဿာ ၁၅၀၀ ကျပ်ထိရောင်းချခဲ့ရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုး တောင်သူများမျှော်လင့်နေသည့် ဈေးနှုန်းထက်ကျော်လွန်ခဲ့ကြောင်း ဦးမောင်ဝင်းကဆက် လက်ပြောကြားသည်။ ညောင်ဦးမြို့နယ်တွင် ယခုနှစ်မိုးရွာသွန်းမှုကောင်းခဲ့ကာ ကျေးလက်တောင်များ စိုက်ပျိုသည့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး မနှစ်ကထက် မိုးရွာသွန်းမှုပိုမို ကောင်းခဲ့ကာ သီးနှံများ အထူးအထွက်နှုန်းကောင်းမွန်ခဲ့ကြောင်း၊ ယခု ခရမ်းချဉ်ပင်ကိုလည်း ဒေသအခေါ်ကိုင်းခရမ်းချဉ် ဟုခေါ်ဆိုပြီး ခရမ်းချဉ်ပျိုးထောင်ခြင်း အားမြေဘောင်ပြုလုပ်ပြီး အစေ့ချပျိုးထောင်ရကြောင်း၊ ဒေသမျိုးရင်းကိုပျိုးထောင် စိုက်ပျိုးရခြင်းကြောင့် ကုန်ကျစရိတ်သက်သာကြောင်း၊ မိုးရွာသွန်းမှု ကောင်းမွန်ခြင်းကလည်း ခရမ်းချဉ်စိုက်ပျိုးတောင်သူများ အပင်သန်မာထွားကြိုင်းပြီး အပွင့်ပွင့်နှုန်း၊ အသီးသီးနှုန်းကောင်းမွန်ပြီး ခရမ်းချဉ်သီး ထွက်ရှိမှုလည်းကောင်းကြောင်း၊ ခရမ်းချဉ်သီး ပွဲစားများလည်း ခရမ်းချဉ်ခင်းနှင့်နီးသည့် နေရာများထိ ကားများ၊ထော်လာဂျီ၊သုံးဘီး ဆိုင်ကယ် များဖြင့်လာရောက်ဝယ်ယူခြင်းများကြောင့် မြို့ပေါ်ဈေးကွက်သို့သွားရောက် ရောင်းချခြင်း မပြုရ ဘဲ ကယ်ရီသယ်ဆောင်ခပါ သက်သာခြင်းများကြောင့် ညောင်ဦးမြို့နယ် ခရမ်းချဉ်စိုက်ပျိုး တောင်သူများဝင်ငွေတွက် ခြေကိုက်နေကြကြောင်းသိရသည်။
ဒီပါလင်း