သံဖြူဇရပ် အောက်တိုဘာ ၂၀
မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်တွင် Human Papilloma Virus (HPV) သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်တွင် စတင်ထည့်သွင်း ထိုးနှံခြင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခန့်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်သည်။
ရှေးဦးစွာ၊ နေပြည်တော် MICC 2 ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီကစတင်ကျင်းပြုလုပ်သည့် HPV ကာကွယ်ဆေး စတင်ထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲအခမ်းအနား၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည့် အဖွင့်မိန့်ခွန်းအားအခမ်းအနား တက်ရောက် လာသူများမှ နားဆင်ပြီး ဗဟိုအဆင့်ကာကွယ်ဆေး စတင်ထိုးနှံခြင်း ဖွင့်ပွဲအပြီးတွင် သံဖြူဇရပ် မြို့နယ်ကျန်းမာရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ မင်းသန့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ အသက် ၉ နှစ်မှ ၁၀နှစ်အတွင်းရှိ အမျိုးသမီးငယ်များကို HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးစတင်ထိုးနှံပေးပြီး သံဖြူဇရပ်မြို့နယ် အတွင်း အမျိုးသမီးငယ်(၂၃၀၄)ဦးအား HPVကာကွယ်ဆေးထိုးခြင်းကို ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင် ထံမှသိရသည်။
အေးအေးသီ(ပြန်/ဆက်)