မိုင်းယောင်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရိုးရာနတ်ပွဲကို အမှတ်(၃)ရပ်ကွက်ရှိ နတ်ကွန်း၌ကျင်းပရာ ယနေ့တွင် နတ်ပွဲဈေး လည်ပတ်သူများဖြင့် စည်ကားကြောင်း သိရသည်။
ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ဓလေ့ရိုးရာပွဲတစ်ခုဖြစ်သည့် နှစ်စဉ်ကျင်းပမြဲ ရိုးရာနတ်ပွဲတွင် မြို့စောင့်နတ်အား ဓလေ့ထုံးတမ်းနှင့်အညီ သွားရောက်ပူဇော်ပသသူများ၊ ရပ်နီးရပ်ဝေးမှ နတ်ပွဲဈေး လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားခဲ့သည်။
ထို့ပြင် မိုင်းယောင်းမြို့နယ်၏ အထင်ကရနေရာများဖြစ်သည့် တန်ခိုးကြီးပြီး ထင်ရှားကျော်ကြားသော ထပ်လုံစေတီတော်နှင့် ရွှေညောင်ပင်တို့တွင်လည်း သွားရောက်ဖူးမြော်သူ များပြားခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း