လှည်းကူးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုက္ကိုလ်ပင်လဲကျနေမှုအား ရှင်းလင်းဆောင်ရွက်

လှည်းကူး အောက်တိုဘာ  ၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇရပ်ကွင်းကျေးရွာအုပ်စု၊ ပဲခူး-ရန်ကုန်ကားလမ်းဘေး၊ ဖလေးရိုးချောင်းအတွင်းသို့ ကုက္ကိုလ်ပင်လဲကျနေမှုအား တာဝန်ရှိသူများက သွားရောက်ရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးယုလွင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုအဖွဲ့တို့က ရှင်းလင်း ဆောင်ရွက်ခဲ့ကြပြီး အဆိုပါသစ်ပင်လဲကျမှုကြောင့်  လူနှင့်တိရစ္ဆာန် အဆောက်အဦများထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)