ကွမ်းခြံကုန်း အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းအနောက်ကျေးရွာတွင် စိုက်ပျိုးရေးတောင်သူများအား ဆောင်းသီးနှံ အပြည့်အဝ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ကွမ်းခြံကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်စိန် က ဆောင်းသီးနှံ သီးထပ်ဧက အပြည့်အဝစိုက်ပျိုးရန်၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရန်၊ ပိုးမွှာရောဂါကျရောက်ပါက ကာကွယ်ရမည့် နည်းလမ်းများနှင့် (၁)ဧကအထွက်နူန်း အပြည့်အဝထွက်ရှိရေးအကြောင်းအရာ အားလည်းကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ၊ဒုတိယဦးစီးမှူး ဦးရဲရွှေဦး က လယ်ယာမြေနှင့်ပတ်သက်သည့်ဥပဒေ လိုက်နာရမည့်စည်းကမ်းချက်များ၊ သီးထပ်စွမ်းအား တိုးမြှင့်ဆောင်ရွက်ရန်အတွက် မြေလွတ်များမထားရှိရေး၊ လယ်ယာမြေများကို အခြားနည်းများဖြင့် အသုံးမပြုရေးအကြောင်းအရာအားလည်းကောင်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန ၊ ဒုတိယဦးစီးမှူး ဦးငြိမ်းသူဟန် က ဆောင်းသီးနှံ စိုက်ပျိုးရာတွင် ရေလုံလောက်စွာရရှိရေး၊ ရေလိုအပ်ချက်များ၊ ချောင်း၊မြောင်းများတူးဖော်ရန်ရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားပေးသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဒေါ်ဒေစီရွှေက တောင်သူလယ်သမားများအား ကြွေးဟောင်းများ ပြန်လည်းပေးဆပ်ရေး နှင့် ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံအတွက် ဘဏ်ချေးငွေများကို အချိန်မှီထုတ်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထိုနောက် တက်ရောက်လာသည့်တောင်သူများက သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာဌာနအလိုက်ပြန်လည်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)