မိုင်းရှူးမြို့၌ အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းရှူး အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အိတ်ချ်ပီဗီ (HPV) ကာကွယ်ဆေး စတင် ထည့်သွင်းထိုးနှံခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်း မှ သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါလက္ခဏာများ၊ နောက်ဆက်တွဲပြဿနာများ၊ အိတ်ချ်ပီဗီ ကာကွယ်ဆေး အကြောင်း သိကောင်းစရာများ၊ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်စသည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းပြောကြားသည်။ ထို့နောက် မိန်းကလေးငယ် (၅)ဦးအား ပထမအကြိမ် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး ထည့်သွင်းထိုးနှံပေးပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အိတ်ချ်ပီဗီ (သားအိမ်ခေါင်းကင်ဆာ)ကာကွယ်ဆေးကို အောက်တိုဘာလ (၂၀)ရက်နေ့မှ နိုဝင်ဘာလ(၆) ရက်နေ့အထိ ထည့်သွင်းထိုးနှံပေးမည်ဖြစ်ပြီး မြို့နယ်အတွင်း၌ အသက်(၉) နှစ်မှ (၁၀)နှစ်အရွယ် အမျိုးသမီးငယ် (၅၇၆)ဦးရှိကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)