ပျဉ်းမနား အောက်တိုဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သကြားစက်၌ ဆောင်ရွက်ခဲ့သည်။
ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပေါင်ပုတ်၊ လက်ပုတ် ရောဂါဟာ ကျွဲ၊ နွားတွေမှာ ဖြစ်ပွားလေ့ရှိသည့်အတွက် လယ်ယာလုပ်ငန်းခွင်ကို ထိခိုက်စေသည့်အတွက် မြို့နယ်အတွင်း ကျေးရွာများတွင်ရှိသော ကျွဲ၊ နွားများကို ပေါင်ပုတ်၊ လက်ပုတ်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် နတ်သရဲကျေးရွာအုပ်စုအတွင်းရှိ ကျွဲ၊ နွားများကို လည်ချောင်းကွဲရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)