သံတွဲ အောက်တိုဘာ ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင် လူထု အခြေပြုဗဟိုဌာန (Community Centre)၌ အမျိုးသမီးအဖွဲ့(Women Club)နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမခင်စောတင့်ရေးသားသည့် “ဘဝအသစ်ရဲ့အစများ”ဆောင်းပါးမှ “မုသားစကား မဆိုချင်ပါ” အကြောင်း သိကောင်းစရာများကို ဖတ်ကြားဆွေးနွေးခဲ့သည်။
၎င်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဒေါ်ခင်မူက “ခလုတ်တိုက်မိတဲ့အခါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သင်းသင်းမာက “ဘယ်သူမှန်ပါသလဲ”၊ ဒေါ်ခင်ညိုရင်က “အမြင်ချင်းတော့မတူပါလေ”၊ မမြတ်စုဟန်က “ကြွက်ကလေးပေးတဲ့သင်ခန်းစာ” ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားဆွေနွေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူးက ဖတ်ကြားဆွေးနွေးမှုများအပေါ် ပြန်လည် ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။
ထို့အပြင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ Talk Show များ၊ အသိပညာပေးဟောပြောပွဲများနှင့် ဆွေးနွေးပွဲ၊ လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။
သန့်ဇင်(ခရိုင်၊ ပြန်/ဆက်)