ဆီဆိုင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဆီဆိုင် အောက်တိုဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့သည် အောက်တိုဘာလ ၅ ရက်နေ့ကမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများသည် နောင်ကျောကျေးရွာအုပ်စု၊ လုံးဖိုကျေးရွာအတွင်း တောင်ငူ-လိပ်သို-ယာနို-လွိုင်ကော်-ဟိုပုံးလမ်း မူလ 3.66m အကျယ် ကတ္တရာလမ်းအား 5.5m အကျယ်ချဲ့၍ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း၊ ပင်စုံကျေးရွာအုပ်စုအတွင်းရှိ နန်းဩ-ပန်အောင်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း၊ နန်းဩ-မန်းဦး-မြေနီလမ်းပေါ်ရှိ(၂၀ပေ)ကျောက်စီကမ်းကပ်ခုံနှင့် သံကွန်ကရစ်ကြမ်းခင်းတံတား တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ မြေနီကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ခြင်းလုပ်ငန်း၊ ကုန်းဆွတ်ကျေးရွာအုပ်စုမကောက်(နောက်)-နောင်လိတ်-ကွန်မွန်း-ဖာလိုင်-ပန်ကန်းလေး-နန်းပေါ်လိတ် KFW လမ်းခွဲထိ လမ်းအရှည် 2.148 Kmm ၊ 9.14m အကျယ်လမ်းတာချဲ့ရန်နှင့် ဖြတ်မြေလုပ်ငန်းအပါအဝင် 5.48m အကျယ်အား သဲဗြုန်း 100mm ထုခင်းခြင်းလုပ်ငန်း၊ မမုံ့ဆုံကျေးရွာ စိမ့်စမ်းရေသွယ်တန်းခြင်းနှင့်ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ မိုက်တီး-နောင်ဗိုမြေသားလမ်းဖောက်လုပ်ဆောင်ရွက်ခြင်းလုပ်ငန်း၊ နောင်မွန်ကျေးရွာအုပ်စု နောင်မွန်-နားဆိုင်း-နမ့်ဘော်ခုတ် ကျောက်ချောလမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း၊ လွယ်ဆံဆစ်ကျေးရွာ ဘောလုံးကွင်း အသစ်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပင်စုံကျေးရွာအုပ်စု ထီတမောင်းကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းအရည်အသွေးပြည့်မီစေရေးအတွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)