ကျောက်မဲ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ စခန်းသာကျေးရွာ အလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်မော်မော်ဝင်းက အားကစားဆိုင်ရာသိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်များရှိစေရန် ရည်ရွယ်ပြီး အသိပညာပေး ဟောပြောခဲ့သည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းအတွက် အားကစားဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသည့် ဆရာ/မများနှင့် ကျောင်းသား/သူများမှ စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။
မိုင်းထွန်း(ပြန်/ဆက်)