မိုင်းပျဉ်းမြို့၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းပျဉ်း  အောက်တိုဘာ  ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းပျဉ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမြင့်ဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ဇင်ထက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း ဆင့်ပွားသင်တန်းတွင် လူတွေ့မေးမြန်းခြင်းဆိုင်ရာ အချက်များ၊ ဖြေကြားသူနှင့် အိမ်ထောင်စုဆိုင်ရာ အချက်အလက်များ၊ တိရစ္ဆာန်ကောင်ရေ၊ ကြက်/ ဘဲ/ ငုံးမွေးမြူခြင်းနှင့် မေးမြန်းသူဆိုင်ရာ အချက်အလက်များတို့ကို အသေးစိတ် ဆွေးနွေးပို့ချ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

အဆိုပါ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးဆင့်ပွားသင်တန်းကို (၆−၁၀−၂၀၂၃)ရက်နေ့ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ သင်တန်းသားဦးရေ (၆၀)ဦးဖြင့် တစ်ရက်တာဖွင့်လှစ်ပို့ ချဆွေးနွေးသွားမည်ဖြစ်ပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသော သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

နန်းသန္တာဦး(ပြန်/ဆက်)