ကာလိမြို့၌ အမျိုးသမီးငယ်များ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကာလိ အောက်တိုဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ အမျိုးသမီးငယ်များ အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် (၂) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော်က အဖွင့်အမှာစကား ပြောကြားပြီး လွိုင်ခမ်းအမျိုးသမီးရေးရာအဖွဲ့ ဒါရိုက်တာ ဒေါ်နန်းသန်းသန်းညွှန့်က အမျိုးသမီးနှင့် အမျိုးသမီးငယ်များ လိင်အကြမ်းဖက်မှုနှင့် ဥပဒေရေးရာ ဆောင်ရွက်ချက်များ၊ မတရားအကြမ်းဖက်ခံရသော အမျိုးသမီးများနှင့် အမျိုးသမီးငယ်များကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်မှုများ၊ အမျိုးသမီး သက်မွေးပညာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လွှစ်ပေးခြင်း ဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ ပြန်/ဆက်)