သိန္နီ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်သိန္နီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဒုမြို့နယ်ပညာရေးမှူးဦးကျော်ဇေယျက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အိအိသိမ့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အားပြောကြားရာတွင် ပညာရေးသည်ကျောင်းသားကျောင်းသူတို့၏ အနာဂတ်အတွက်အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် လူငယ်စကားဝိုင်းတွင် အပြန်အလှန်ပါဝင်ဆွေးနွေးခြင်းအားဖြင့် မိမိတို့၏ဉာဏစွမ်းရည်၊ စကားပြောစွမ်းရည်များတိုးတက်လာခြင်း၊ အသိပညာဗဟုသုတကြွယ်ဝပြီးအချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး၊လူချွန်လူကောင်းများဖြစ်လာစေရန်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းအားကျင်းပရာ ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ကြီးပွားရေးစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောကျောင်းသား/ကျောင်းသူများမှ သိရှိလိုသောအကြောင်းအရာများကိုပြန်လည်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဗိုလ်ကြီးကျော်စွာမြင့်က လူငယ်စကားဝိုင်းဖြစ်မြောက်ရေးအတွက်ဆောင်ရွက်ပေးသော တာဝန်ရှိသူများအားကျေးဇူးတင်ရှိပါကြောင်းနှင့် လူငယ်စကားဝိုင်းအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေးလူငယ်ရေးရာနှင့်ပတ်သက်သည့် စာအုပ်များ၊ သုတစာအုပ်နှင့် ရသစာအုပ်များအား ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)