တန့်ယန်းမြို့နယ်တွင် တိရိစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်

တန့်ယန်း အောက်တိုဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃-ခုနှစ် တိရိစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးဆိုင်ရာ (စာတွေ့၊ လက်တွေ့) ဆင့်ပွားသင်တန်း သင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်မင်းထိုက်က ၂၀၂၃-ခုနှစ် တိရိစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးဆိုင်ရာ (စာတွေ့၊လက်တွေ့)ဆင့်ပွားသင်တန်း သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး သင်တန်းကို ဆက်လက် ပို့ချ ရှင်းလင်းခဲ့သည်။

ယင်းနောက် သင်တန်းတက်ရောက်ခဲ့ကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေး စာရေးဝန်ထမ်းများက မွန်းလွဲပိုင်းတွင် ခိုယောင်းကျေးရွာအုပ်စု ပိန်းကန်းကျေးရွာရှိ အိမ်ခြေ ၅၆ အိမ်အား လက်တွေ့ကွင်းဆင်း စာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)