မိုင်းဖြတ်မြို့နယ်၌ (၂၀) ကြိမ်မြောက် ဘုန်းတော်ကြီးကျောင်းများသို့ တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

မိုင်းဖြတ် ​​အောက်တိုဘာ ၇

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက လစဉ် ဘုန်းတော်ကြီးကျောင်းများသို့ တစ်ဆုပ်ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်များ ဆက်ကပ်လှူဒါန်းလျက်ရှိရာ (၂၀)ကြိမ်မြောက် ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက  ဝမ်ပုံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဆက်ကပ်လှူဒါန်းခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ပရိသတ်များက နမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဝမ်ပုံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက်မှ ပဓာနနာယကဆရာ​တော် ဘဒ္ဒန္တစန္ဒသီလောထံမှ ငါးပါးသီလခံယူဆောင်တည်ခဲ့ကြသည်။ ယင်းနောက် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ကိုစိုး၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီ​အောင်နှင့် အဖွဲ့ဝင် များ၊  ဌာနဆိုင်ရာများ၊ အလှူရှင်များက တစ်ဆုပ်ဆန် (၂၄)ပြည်ပါ  (၆)အိတ်၊ စားဆီ ၁၀ပိသာ၊ ကြက်ဥ ၁၀၀ လုံး၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေတို့ကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့​နောက် လှူဒါန်းမှု အစုစုအတွက် ​ရေစက်သွန်းချအမျှ​ပေး​ဝေခဲ့​ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဆက်ကပ်လှူဒါန်းခြင်းသည် မြို့နယ်အတွင်းရှိ ဘုန်း​တော်ကြီး​ကျောင်းများ၌ သီတင်းသုံး​တော်မူ​သော သံဃာ​တော်အရှင်သူမြတ်များသည် ဝါတွင်းကာလ ဆွမ်းအခက်အခဲမရှိ​စေ​ရေးအတွက် တစ်လလျှင် တစ်ကြိမ်အလှည့်ကျ ဘုန်း​တော်ကြီး​ကျောင်းများသို့ ဆက်ကပ်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

 သန်းထွန်းအေး(မိုင်းဖြတ်)